မြန်မာ - Building Markets
၂၀၁၂ ခုနှစ်တွင် စတင်ခဲ့သည်။

Building Markets သည် မြန်မာနိုင်ငံ၏ အလုပ်ကိုင် အခွင့်အလမ်းနှင့် စီးပွားရေး တိုးတက်မှု အလားအလာ အရှိန်ဟုန် မြှင့်တင်နိုင်ရန်အတွက် ထူးကဲသောနေရာတွင် ရပ်တည်နေသောအဖွဲ့အစည်းဖြစ်သည်။ ၁၀ နှစ်တာကာလအတွင်း ရန်ကုန်၊ မန္တလေး နှင့် မော်လမြိုင် မြို့များတွင် စျေးကွက်ဆိုင်ရာ နက်ရှိုင်းသော ဗဟုသုတများ ရရှိခဲ့ကာ၊ လုပ်ငန်းမိတ်ဖက်များ၊ အသေးစား အလတ်စား လုပ်ငန်းများနှင့်လည်း ကျယ်ပြန့်သောကွန်ယက်ကို ဖြန့်ကျက်နိုင်ခဲ့ပြီး လုပ်ငန်းဖွံ့ဖြိုးရေးအတွက် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် သီးသန့်ဖန်တီးထားသော ဝန်ဆောင်မှုများ ရေးဆွဲနိုင်ခဲ့သည်။ လတ်တလောတွင် Building Markets သည် တမူထူးခြားသော စိန်ခေါ်မှုနှင့် အခွင့်လမ်း ရှိနေပြီး သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးအတွက် အပြုသဘော သက်ရောက်မှုများ ဖန်တီးပေးနိုင်မည့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေးနှင့် ပြန်လည်အသုံးချရေး လုပ်ငန်းနယ်ပယ်ကို အလေးဂရုပြု ဆောင်ရွက်လျှက်ရှိသည်။

  • ၃,၂၁၅

    စိစစ်ခြင်း လုပ်ဆောင်ခဲ့ပြီးသော လုပ်ငန်းများ

  • ၆၂၄

    သင်တန်းပို့ချခဲ့ပြီးသော လုပ်ငန်းများ

  • $ ၁၉.၇၆ မီလီယံ

    ချုပ်ဆိုနိုင်ခဲ့သည့် စာချုပ်များ

ကျွန်ုပ်တို့အဖွဲ့အစည်းသည် ဘက်စုံဖွံ့ဖြိုးရေးကို ဦးတည်သော နိုင်ငံတွင်းလုပ်ငန်းများနှင့် ကိုက်ညီသည့် နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတွင်း အကြောင်းအရာ

လူဦးရေ- ၅၄.၄၁ မီလီယံ (World Bank, 2020)

ဘာသာစကား- မြန်မာ

ငွေကြေးယူနစ်- ကျပ်

အဓိကပို့ကုန်များ- သဘာဝဓာတ်ငွေ့၊ သစ်အချောထည်ပစ္စည်းများ၊ ကောက်ပဲသီးနှံများ ၊ ပဲများ၊ ငါး၊ ဆန်၊ အဝတ်အထည်၊ ကျောက်စိမ်းနှင့် ကျောက်မျက်များ

နိုင်ငံသား ပျမ်းမျှဝင်ငွေ- ၁,၃၁၀ ဒေါ်လာ (World Bank, 2018)

ODA received: $ ၃.၉ ဘီလီယံ (World Bank, 2013)

လူသားဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်းအဆင့်- အဆင့် ၁၈၉ တွင် ၁၄၇ ၌ ရှိသည် (UNDP, 2017)

GDP တိုးတက်မှု ခန့်မှန်းချက်- ၆.၈% (World Bank, 2019)

အခွင့်အလမ်းရရှိနိုင်သောနယ်ပယ်

မြန်မာနိုင်ငံသည် ကုန်စည်နှင့် ဝန်ဆောင်မှု တောင်းဆိုချက်များကို လုံလောက်အောင် ဖြည့်ဆည်းပေးမှု မရရှိသေးသော အာရှရှိ ဈေးကွက်များထဲမှတစ်ခုဖြစ်သည်။ လူဦးရေ ၅၄ သန်းရှိပြီး ဆယ်စုနှစ်များစွာ ကုန်စည်စားသောက်မှုများ ဖြတ်တောက်ခြင်းခံရပြီး ကမ္ဘာ့အဆင့်မီ သဘာဝအရင်းအမြစ်များပိုင်ဆိုင်ထားသည့် စီးပွားရေးလုပ်ငန်းများအတွက် ဆွဲဆောင်မှုရှိသောနေရာတစ်ခုဖြစ်ပါသည်။

၂၀၁၅ ခုနှစ်တွင်ပြုလုပ်ခဲ့သော ရွေးကောက်ပွဲသည် နိုင်ငံတကာမှ အာရုံစူးစိုက်မှုများကို ရရှိခဲ့ပါသည်။ စီးပွားရေးလုပ်ငန်များကို တိုးတက်ရန် ပိတ်ဆို့အရေးယူမှုများကို ဖြေလျော့ခြင်း၊ ဥပဒေနှင့် စည်းမျည်းအသစ်များချမှတ်ခြင်း အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံမှုများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လာနိုင်စေခြင်းတို့ကြောင့် နိုင်ငံတွင်းသို့ဝင်ရောက်လာသော နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု အတိုင်းအတာနှင့် အကူအညီပမာဏသည် တိုးတက်လျက်ရှိပါသည်။

မြန်မာနိုင်ငံရှိ လုပ်ဆောင်ချက်များနှင့် ဝန်ဆောင်မှုများ

  • လုပ်ငန်များအား စိစစ်မှု ပြုလုပ်ခြင်း
  • သင်တန်းပို့ချခြင်းနှင့် လမ်းညွှန်ပြသခြင်း
  • လုပ်ငန်များအား ချိတ်ဆက်မှုပြုလုပ်ခြင်း
  • တင်ဒါဖြန့်ဝေမှုများ ပြုလုပ်ခြင်း
  • ဈေးကွက် သုတေသန ပြုလုပ်ခြင်း

ပြည်တွင်းရှိလုပ်ငန်းများနှင့် ဈေးကွက်များအား ထင်ပေါ်လာစေရန်ဆောင်ရွက်ပေးခြင်း

Building Markets သည် ပြည်တွင်းရှိ အသေးစား၊ အလတ်စား လုပ်ငန်းပေါင်း ၃၆၀၀ ကျော်မှ ဒေတာ အချက်အလက်ပေါင်း ၁ သန်းနီးပါးကို စုဆောင်းထားရှိပြီးဖြစ်ပါသည်။ ထိုအချက်အလက်များကို လုပ်ငန်းရှင်များအား အခွင့်အလမ်းအသစ်များဖြင့် ချိတ်ဆက်နိုင်ရန်နှင့် အောက်ပါ လုပ်ဆောင်ချက်များမှ တဆင့် စျေးကွက်ဆိုင်ရာ သုတေသနများ ဆောင်ရွက်နိုင်ရန် အသုံးပြုမည် ဖြစ်သည်။

  • US ICT Council ရှိ Microsoft, Google, Cisco နှင့် HP ကုမ္ပဏီတို့အတွက် ဒေသတွင်းလုပ်ငန်းများ၏ နည်းပညာလိုအပ်ချက်များကို သုတေသနလုပ်ဆောင်ရန် အသေးစား၊ အလတ်စား လုပ်ငန်း ကွန်ယက်ကို ချဲ့ထွင်ခြင်း။
  • နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုအတွက် အလားအလာရှိသော ကဏ္ဍများကို ထဲထဲဝင်ဝင် စျေးကွက်ဆိုင်ရာ သုတေသနပြုလုပ်ခြင်း။
  • International Growth Center (IGC) မှ ပို့ကုန်International Growth Center (IGC) မှ ပို့ကုန်လုပ်ငန်းရှင်များအား နိုင်ငံတကာမှဝယ်လက်များနှင့် ချိတ်ဆက်ရာတွင် အသုံးဝင်မည့် ထိုးထွင်းအမြင်များကို သိရှိနိုင်ရန် သစ်လုပ်ငန်းကဏ္ဍနှင့် သက်ဆိုင်သောစစ်တမ်းကောက်ယူခြင်း။

စွမ်းရည်မြှင့်တင်ခြင်း

Building Markets သည် ပြည်တွင်း၊ ပြည်ပရှိ သင်တန်းပို့ချရာတွင် ကျွမ်းကျင်သူများနှင့် ချိတ်ဆက်လျက်ရှိပါသည်။ ခေါင်းစဉ်များတွင် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု၊ ငွေကြေးစီမံခန့်ခွဲမှုစွမ်းရည်နှင့် စာပေတတ်မြောက်မှု၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချရေး တန်ဖိုးကွင်းဆက်ကို အားကောင်းစေမှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးမှုနှင့် ငွေကြေးဆိုင်ရာအခွင့်အလမ်းများရရှိမှု တို့ပါဝင်ပါသည်။

  • သင်တန်းမော်ဂျူးများအား ရုပ်ပုံကာတွန်းမှတဆင့် သင်ယူစေနိုင်ရန်ဖန်တီးပြီး Moodle မှ စီစဉ်ထားရှိသည့် အွန်လိုင်းမှတဆင့် လေ့လာသင်ယူနိုင်သည့် ပလပ်ဖောင်းကို မြန်မာဘာသာစကားသို့ ဘာသာပြန်ဆိုခြင်းဖြင့် ပြည်တွင်းရှိအသုံးပြုမှုများနှင့် အကျိုးသက်ရောက်မှုများ ပို၍ရရှိစေပါသည်။
  • SMEs လုပ်ငန်းပေါင်း ၇၅၀ ကျော်အားသင်တန်းပို့ချခဲ့ပြီး SMEs အဖွဲ့ငယ်များကို သက်ဆိုင်ရာလုပ်ငန်းခွင်များတွင် ၂-၃ လအတွင်း အထူးလမ်းညွှန်မှုများပြုလုပ်နိုင်ရန် Maillard Champion Program ကိုပို့ချခဲ့ပါသည်။ နောင်လာမည့် Champion training သည် စက်ဝန်းပုံဆောင်စီးပွားရေး (Circular Economy) နှင့် စွန့်ပစ်ပစ္စည်းကောက်ယူခြင်း လုပ်ငန်းစဉ်အား အဓိကထားပါမည်။
  • Corporate Social Responsibility နှင့်ပတ်သက်သည့် ပုံမှန်ပြုလုပ်လျက်ရှိသော သတင်းအချက်အလက်မျှဝေခြင်း ဆက်ရှင်များအားဦးဆောင်ကျင်းပခဲ့ပြီး SMEs များအား UN Global Compact သို့တက်ရောက်နိုင်ရန်ကူညီပေးပါသည်။
  • ၂၀၁၅၊၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တွင် Global Entrepreneurship Week (GEW) အားမြန်မာနိုင်ငံတွင် တရားဝင်ဦးဆောင်ကျင်းပခဲ့သည့်အပြင် တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်နိုင်မှုတို့ကို မြှင့်တင်နိုင်ရန် အစီအစဉ်ပေါင်းများစွာအားနိုင်ငံတစ်ဝန်းဦးဆောင်ကျင်းပလျက်ရှိပါသည်။

SMEs လုပ်ငန်းများအား သယ်ယူပို့ဆောင်ရေးကွင်းဆက်များ (Supply Chains) နှင့်ရင်းနှီးမြှုပ်နှံမှု ဖြင့်ချိတ်ဆက်ပေးခြင်း

Building Markets သည် ပြည်တွင်းရှိ SMEs များကိုသယ်ယူပို့ဆောင်ရေးကွင်းဆက် (Supply Chains) များနှင့်ပူးပေါင်းစေပြီး ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရန် အတွက်ချိတ်ဆက်ပေးပြီး အရေးပါသောသတင်းအချက်အလက်များကို ရောင်းချသူများ၊ ဝယ်ယူသူများနှင့် ရင်းနှီးမြှုပ်နှံသူများထံသို့ အောက်ပါလုပ်ဆောင်ချက်များမှတဆင့် မျှဝေပေးလျက်ရှိသည်။

  • စိတ်ဝင်စားသော SMEs လုပ်ငန်များသို့ အွန်လိုင်းစီးပွားရေးလမ်းညွှန်၊ အချက်အလက်ရယူမှုပလက်ဖောင်း (Access to information Platform) နှင့် SMS မှတဆင့် တင်ဒါပေါင်း ၄,၂၅၀ ကျော်အားဖြန့်ဖြူးခဲ့ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ရောင်းချသူများအတွက် ဝယ်ယူသူတိုးများစေသည့်အတွက် ရောင်းချရန်အခွင့်အလမ်းများ ပိုမိုရရှိသည့်အပြင် စာချုပ်ချုပ်ဆိုရာတွင်လည်း ပို၍ပွင့်လင်းမြင်သာလာစေရန် ဖန်တီးပေးပါသည်။
  • အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းများအတွက် နိုင်ငံတွင်း ရင်းမြစ်ရွေးချယ်ရာတွင်လည်း အသေးစား အလတ်စား လုပ်ငန်းများအား စိစစ်မှု ၊ ရွေးချယ်ထားသောလုပ်ငန်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးအထောက်အပံ့ပေးမှုအပါအဝင် လုပ်ငန်းအောင်မြင်မှု သေချာစေရေးအတွက် လုပ်ထုံးများ နှင့် ကိုက်ညီသော ၊ လုပ်ငန်းများ၏ လူမှုရေးရာ တာဝန်ယူမှုများ ရှိသော လုပ်ငန်းများကိုသာ ရွေးချယ်ပါသည်။
  • Save the Children, IRC, Oxfam, Pact, Action Aid, WWF, UNOPS ကဲ့သို့သော NGOs များ နှင့် ပြည်တွင်းရောင်းချသူများ ချိတ်ဆက်ရန် ဝန်ဆောင်မှုများလည်း ပံ့ပိုးပေးပါသည်။
  • ပုဂ္ဂလိကနှင့် အစိုးရကဏ္ဍတို့မှ သက်ဆိုင်သူရာပေါင်းများစွာကို စုစည်းကာ ပုံမှန်လုပ်ငန်းချိတ်ဆက်ခြင်းဆောင်တာများနှင့် နှစ်စဉ်ကျင်းပသော SME ဖိုရမ်များကို ဦးဆောင်ကျင်းပခဲ့ပါသည်။

Reports on မြန်မာ

Read More
The Circular Economy Toolkit: Empowering SMEs Toward Sustainable Development
Report

The Circular Economy Toolkit: Empowering SMEs Toward Sustainable Development

DOWNLOAD AR | EN | TR

United Nations Global Compact Activity Report (2017)
Report

United Nations Global Compact Activity Report (2017)

DOWNLOAD EN

Fostering Myanmar Suppliers: Connecting SMEs to New Opportunities (2014)
Report

Fostering Myanmar Suppliers: Connecting SMEs to New Opportunities (2014)

DOWNLOAD EN

An Overview of Myanmar’s Recycling Industry (2019)
Report

An Overview of Myanmar’s Recycling Industry (2019)

DOWNLOAD EN

Read More
Donors

Make a donation
to increase our reach and impact

When you give to Building Markets, you are investing in a data-driven approach to change that is evidence-based and scalable. Your support helps Building Markets deepen impact where we work, enter new global markets, and spur job creation where it matters most.

Make a Donation

Donors and Partners

  • donors_and_partners
  • donors_and_partners
  • donors_and_partners
  • donors_and_partners
  • donors_and_partners
  • donors_and_partners
  • donors_and_partners
  • donors_and_partners
Don't miss out on the latest from Building Markets!

We update our community with stories, research, impact metrics, news and special events.